To Be A Professional Accountant

Get In Touch

HOME SWEET HOME

For any other questions, please write us at [email protected]

MISSION

ဒဂုံမြို့သစ်မြောက်ပိုင်းရှိလူငယ်များသည် LCCI ( UK ) ၏ Diploma များကိုရယူရန် မိမိ နေထိုင်သည့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း၌ပင် သက်တောင့်သက်သာဖြင့် စီးပွားရေးနှင့်ဆိုင်သောအတတ်ပညာများကို အမှန်တကယ်တတ်မြောက်အောင်လေ့လာသင်ယူနိုင်ပါသည်။ လူငယ်များအတွက် တည်ငြိမ်ခိုင်မာသောအလုပ်အကိုင်အခွင့်အလမ်းများရယူစေချင် ပါသည်။

ယခင်မြို့လယ်အထိသွား ရောက်ရသောအချိန်ကိုမိမိနေအိမ်၌လေ့ကျင့်ချိန်အဖြစ်ပြောင်းလဲရယူနိုင်သောကြောင့်လမ်းခရီးအတွက်အချိန်မကုန်လူမပင်ပန်းတော့ပါ။ ရာသီဥတုကြောင့်လူပင်ပန်းခြင်းလည်းကင်းပြီး ကျန်းမာရေးလည်းမထိခိုက်စေပါ။ Modern Classroom ဖြင့်လည်ပတ်နေသောကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပင်ပန်းနွမ်းနယ်ခြင်းမရှိပဲမိမိလေ့လာနေသောပညာရပ်အပေါ် အာရုံမပျက်လေ့လာနိုင်ပါသည်။ LCCI UK Exam ဖြေဆိုရန် British Councilသို့စာမေးပွဲကြေးပေးသွင်းသည့်ကိစ္စ၊ခုံနံပါတ်ထုတ်ယူခြင်းကိစ္စ နှင့် အောင်စာရင်းကြည့်ခြင်း များကိုလည်း သင်တန်းကျောင်းမှပင် HOME SWEET HOME LCCI အနေနှင့်ဝန်ဆောင် ပြုလုပ်ပေးပါသည်။ သင်တန်းသားများအနေနှင့်မိမိလေ့လာနေသောပညာရပ်အပေါ်တွင်အာရုံတစိုက်လေ့လာနိုင်ပါသည်။

ကျောင်းသားကျောင်းသူများအတွက် Update အဖြစ်ဆုံးသင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူစာရွက်စာ တမ်းများ၊ Learning CD ROM များ ၊ Learning Video များ ပံ့ပိုးပြီး LCCI ( UK ) မှလမ်းညွှန်ပေးသော Document အပြည့်အစုံဖြင့် စီးပွားရေးပညာများကို တတ်မြောက်အသုံးချ တတ်အောင် ရင့်ကျက်သော LCCI စာသင်သက်တမ်း ( ၁၆ နှစ်အထက် ) အတွေ့အကြုံဖြင့် ကျောင်းသား/သူများအတွက် လိုအပ်သည်များကို ပြုပြင်သင်ကြားလေ့ကျင့်ပေးနိုင်သောသင် တန်းဖြစ်ပါသည်။ သင်ကြားရေးနှင့်ပတ်သက်၍ ကျောင်းသား/သူများရော မိဘများပါ ယုံကြည်စိတ်ချနိုင်ပါသည်။ စီးပွားရေးပညာရပ် နှင့် အတွေးအမြင်များကို အမှန်တကယ်တတ် မြောက်နားလည်စေလိုသော ဆန္ဒကြောင့် သင်တန်းသားများ မကြာခဏကျောင်းပျက်ခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။ သင်တန်း မှန်မှန်တက်ရပါမည်။ Weekly Test များကိုလည်းပုံမှန် ဖြေဆိုရပါမည်။ Test မဖြေပါက LCCI UK Exam ကို ကောင်းမွန်ညက်ညောစွာဖြေဆိုနိုင်မည်မ ဟုတ်ပါ။ Weekly Test ဖြေဆိုခြင်းဖြင့် မိမိ၏လိုအပ် ချက်များအားနည်းချက်များကို မိမိကိုယ်တိုင်သိရှိ နားလည်နိုင်ပါ သည်။ အချိန်မှီပြုပြင်စေနိုင်သော Measure & Control Tool တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် Weekly Test များကို အကြောင်းအမျိုးမျိုးပြကာရှောင်လွှဲခြင်းများမပြုကြပါနှင့်။ အလွတ်ကျက်မှတ်စေခြင်းမဟုတ်ပဲနားလည်ပြီးတွေးဆနိုင်အောင်လေ့ကျင့်ပေးခြင်း၏ အကောင်းဆုံးအနှစ်သာရမှာ အကြောင်းအရာများအပေါ် စဉ်းစားဆုံး ဖြတ်ရာ၌မိမိကိုယ်တိုင် ရှင်းလင်းတိကျ သော အမြင်နှင့်ဆုံးဖြတ်ချက်များ ချနိုင်ခြင်း ဖြစ်ပါသည်။ အလုပ်အကိုင်အတွက်သာမက မိမိဘ၀ တစ်လျှောက်လုံး အတွက် ကောင်းမွန်သော အလေ့အကျင့်ကို ရရှိနိုင်ပါသည်။

AWARD

LCCI Level I & II ကိုဖြေဆိုအောင်မြင်ပါက Certificate in Book-keeping & Accounts LCCI Level III ကိုဖြေဆိုအောင်မြင်ပါက Diploma in Accounting ( DA ) သို့မဟုတ် Diploma in Cost & Management Accounting ( DCMA ) ကိုလှမ်းယူနိုင်မည်ဖြစ်ပါသည်။

LCCI ( UK ) Diploma Holder များကို ကမ္ဘာတစ်ဝှမ်း နိုင်ငံများ စွာက အသိအမှတ်ပြုထားသောကြောင့် Professional Accountant နေဖြင့် ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများတွင်ပါ တည်ငြိမ်စိတ်ချရသော အလုပ်အကိုင်ဖြင့်ရပ်တည် နိုင်ပါသည်။
အောင်မြင်မှုများဖြင့် ကိုယ်စီရည်မှန်းချက်အရောက်လှမ်းနိုင်ကြပါစေ…….

DESCRIPTION

LCCI HOME SWEET HOME ( ACCA & LCCI ) UK သင်တန်းကို ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ရင့်ကျက်သောသင်ကြားမှုသက်တမ်းဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ပထမဆုံး LCCI ( UK ) Level I & II နှင့် Level III  Section ကို ဇွန်လ ၂၇ ရက် တနင်္လာနေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။

ယခုအချိန်တွင် သင်တန်းကို ၄၄ ရပ်ကွက် ၊ မြောက်ဒဂုံ၌ ( Small Class Size ) အသွင်ဖြင့် သင်ကြားလျက်ရှိပါသည်။ ပညာသင်ကြားမှုအချိန်အတွင်း စိတ်ရော ကိုယ်ပါအေးချမ်းပြည့်စုံစွာ သင်ယူလေ့လာနိုင်မည်ဖြစ်ပါ သည်။ အခြားသော နည်းပညာအပံ့အပိုးများ ၊ အသိအမြင်ဆိုင်ရာ အခြားအပံ့အပိုးများ ပြည့်စုံစွာဖြင့် အသိပညာ/အတတ်ပညာများကိုပါ Charge Free ဖြည့်ဆည်း ပေးထားသောကြောင့် အသိအမြင် ဗဟုသုတ စုံလင်စွာ ပေးစွမ်းနိုင်ပါသည်။

LCCI ( UK ) မှပြဌါန်းထားသော စီးပွားရေးပညာရပ်များထဲမှ
Accounting ,
Cost & Management Accounting ,
Business Statistics နှင့်
Advanced Business Calculations ဘာသာရပ်များကို နည်းစနစ်ကျနခေတ်မှီစွာသင်ကြားပို့ချ လျက်ရှိပါသည်။

အခြေခံပညာ အထက်တန်း ဖြေဆို/အောင်မြင်ပြီးသူများ ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ၊ စီးပွားရေးဘာသာ အထူးပြုများနှင့် Company နှင့် NGO များတွင် Accountant Post ဖြင့် ၀င်ရောက်လုပ်ကိုင်လိုသူများ ၊ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ လေ့လာသင်ယူ သင့်ပါသည်။ HOME SWEET HOME မှ LCCI သင်တန်းများကို နှစ်စဉ် January, April, June, November, December လများတွင် တန်းခွဲသစ်များဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

2013 မှစပြီး Computer Basic Course  နှင့်  Excel for Accountant ပညာရပ်ကိုပါ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

သိရှိလိုသောအကြောင်းအရာများကို
[email protected] , www.facebook.com/lcciforall.northdagon
09 731 68988 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
လူငယ်များအားလုံး အောင်မြင်မှုကိုယ်စီရနိုင်ကြပါစေ။

သင်တန်းကျောင်းတည်ထောင်စတွင် အကောင်အထည်ပေါ်လာစေရန်
စတင်တက်ရောက်လေ့လာခဲ့သူများ ၊
အဖက်ဖက်မှ ကူညီခဲ့သော မိတ်ဆွေများ နှင့်တကွ
HOME SWEET HOME LCCI တွင် လေ့လာသင်ယူခဲ့သော သင်တန်းသားများ
အားလုံး၏ကျေးဇူးကို လည်းအစဉ်ထာဝရ
ကျေးဇူးတင် အမှတ်ရနေပါကြောင်း ပြောကြားလိုပါသည်…
HOME SWEET HOME            Make a Right Choice

We Stand For You

" HOME SWEET HOME "

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from HOME SWEET HOME.

 

Start Accountancy Online Learning at www.hshonlineschool.com

You have Successfully Subscribed!

Pin It on Pinterest

Share This
UA-54273196-1