ဘာသာစုံဖြေမလား ခွဲဖြေမလား ??
အလုပ်တဖက်နဲ့ ကျောင်းတဖက်နဲ့ ကြိုးစားသင်ယူကြရလို့ပင်ပန်းကြပါတယ်။
အလုပ်ပဲဖြစ်ဖြစ် ကျောင်းစာပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ Challenge ရှိကြပါတယ်။
Game ကစားရင်တောင် တဆင့်ထက်တဆင့်ပိုခက်လာတာကိုက ရအောင်လုပ်ချင်တဲ့စိတ်ဖြစ်ပေါ်စေတာပါ။ ပိုလွယ်လာရင်ကစားချင်မှာမဟုတ်ပါဘူး။ ပိုခက်တဲ့ Level ကိုရအောင်ကစားနိုင်ရင် ကိုယ့်ကိုယ်ကို ကျေနပ်သွားတတ်ပါတယ်။
LCCI Level 3 ဘာသာတွေကို ၃ဘာသာ ( သို့ ) ၄ဘာသာ တပြိုင်တည်းဖြေပြီး Group Diploma ရအောင်ကြိုးစားပါ။
အလုပ်တဖက်နဲ့ဖြစ်ပါ့မလားတို့ ကျောင်းတဖက်နဲ့ရပါ့မလားတို့ တွေးမိပါလိမ့်မယ်။
ဘာသာတွေကိုခွဲဖြေခွင့်မပြုခင်ကရော အခုရော ကျောင်းတဖက် အလုပ်တဖက်နဲ့ ကြိုးစားပြီး Group Diploma ရခဲ့တဲ့သူတွေအများကြီးပါ။
သူ့အကြောင်းနဲ့သူ့ Policy နဲ့ ခွဲဖြေခွင့်ပြုထားပေမယ့် ဖြစ်နိုင်ရင် တပြိုင်တည်း Group Diploma ရအောင်ယူပါ။
ကိုယ့်ကိုယ်ကိုညှာမနေပဲကြိုးစားဖို့ပဲလိုပါတယ်။
ကြိုးစားလုပ်နေတဲ့သူတွေအတွက်ရလဒ်ကောင်းမှာပါ။
![](https://i1.wp.com/www.lccihomesweethome.com/wp-content/uploads/2018/08/cereals-100263_1920.jpg?w=1080&ssl=1)
LCCI Subject တွေဖြေတဲ့အခါ Group Diploma ရတာအပြင် စာရွက်ပေါ်မှာရေးမထားတဲ့ နောက်ထပ် ထပ်ရတာရှိပါသေးတယ်။ အကျဉ်းပြောရရင်ခက်ခဲပေမယ့်ရအောင်ကြိုးစားယူတတ်တဲ့စိတ်ဓာတ်ခိုင်မာမှုတွေပါ။ အဲဒါက တန်ဖိုးရှိတဲ့အကျင့်လေးတခုဖြစ်သွားပြီး မိမိကိုယ်ကို ယုံကြည်မှုခိုင်မာလာစေပါတယ်။
ဇွဲ ၊ လုံ့လ ၊ ဝီရိယအပြည့်အဝစိုက်ထုတ်မှုရှိလာပါတယ်။
အဲဒီတော့ လုပ်နိုင်လျက်သားနဲ့ စိုးရိမ်စိတ် သက်သာချင်စိတ်တွေ ရှေ့တန်းတင်ပြီး ခွဲဖြေမယ်လို့တွေးမိရင် LCCI Group Diploma ရဲ့ အနှစ်သာရကိုလက်လွတ်ပါလိမ့်မယ်။ သက်သက်သာသာနဲ့စာရွက်တော့ရသွားပါလိမ့်မယ်။
မိမိအနေနဲ့ဘာသာစုံဖြေဖို့ဘယ်လိုမှမဖြစ်နိုင်တဲ့အကြောင်းတွေရှိနေရင်တော့တမျိုးပေါ့လေ။
Group Diploma ရဖို့ ဘာသာရပ်အားလုံးကို တပြေးညီနိုင်နင်းအောင် ထိုက်သင့်တဲ့ချိန်ပေးပြီးကြိုးစားရယူတတ်တဲ့အကျင့်ကောင်းလေးဖြစ်လာပါလိမ့်မယ်။ ဒါတွေက LCCI Group Diploma နဲ့တွဲပါလာတဲ့ပင်ကိုယ် အရည်အချင်းတွေဆိုတာ LCCI ဖြေဖူးတဲ့သူတွေသိကြပါတယ်။
၁။ ဇွဲ လုံ့လ ဝီရိယ တိုးတက်လာခြင်း
၂။ Stress ကို ထိန်းသိမ်းဖြေရှင်းတတ်စေခြင်း
(စာမေးပွဲဖြေတဲ့အခါစိတ်ဖိစီးမှုလေးတော့အနည်းနဲ့အများရှိတတ်ပါတယ်။)
၃။ မိမိကိုယ်ကိုယုံကြည်မှုခိုင်မာလာစေခြင်း
၎။ မိမိလျှောက်မယ့်လမ်းအတွက် Planning နိုင်နင်းစေခြင်း
၅။ Decision ပိုင်နိုင်ပြီး ဆုံးဖြတ်ချက်ခိုင်မာစေခြင်း
ဒါတွေကြောင့် Accounting , Cost Accounting , Management Accounting တွေနဲ့ပတ်သက်ပြီး အင်မတန်ခိုင်မာတဲ့အခြေခံကိုဖြစ် ပေါ်စေပါတယ်။
နောက်ထပ် ပိုမိုကျယ်ပြန့်တဲ့ဘာသာတွေကိုဆက်လက်သင်ယူဖို့လည်း အသင့်ဖြစ်နေစေပါတယ်။ ဒီလိုနဲ့တဆင့်ပြီးတဆင့်တက်လှမ်းသွားနိုင်ပါလိမ့်မယ်။
စာမေးပွဲကြေးသွင်းပြီးရင် အတတ်ပညာပိုင်းအတွက်ရော Diploma ရဖို့အတွက်ရော အကောင်းဆုံးကြိုးစားပြင်ဆင်နိုင်ကြပါစေ……..
Recent Comments