UA-54273196-1

LCCI Exam ဖြေဆိုမည့်သူများအတွက်

LCCI Exam ဖြေဆိုမည့်သူများသည် မဖြစ်မနေယူဆောင်သွားရမည့်ပစ္စည်းအားလုံးကို တစ်ရက်ကြိုတင်ပြင်ဆင်စုစည်းထားရန်လိုအပ်ပါသည်။

မဖြေခင်တစ်ညတည်းကကြိုတင်စုစည်းပြီးအိတ်ဖြင့်ထည့်ထားရန်နှင့် မြင်သာထင်သာသောနေရာတွင်ထားရန်

  1. ခုံနံပါတ်စာရွက် ( Timetable Slip )
  2. မှတ်ပုံတင် ( သို့ ) မိမိဓာတ်ပုံပါရှိသောအသိအမှတ်ပြုနိုင်သည့် ကဒ်တခုခု
  3. Calculator
  4. နာရီ
  5. Ball Pen အနက် ၊ ခဲတံ ၊ ခဲဖျက်၊ ပေတံ
  6. ရေဘူး နှင့် မုန့်တခုခု
  7. ပိုက်ဆံအိတ်

စစ်ဆေးပြီးစုစည်းပြင်ဆင်ထားခြင်းအားဖြင့်စာမေးပွဲဖြေဆိုရန်၎င်းအိတ်ကိုအသင့်ယူသွားရုံသာဖြစ်သည်။

ဖုန်းများကို စာမေးပွဲခန်းမဝင်မီ ပါဝါပိတ်ထားပြီးအပြင်တွင်ထားခဲ့ရပါမည်။ စာမေးပွဲခန်းထဲယူခွင့်မရှိပါ။

( စာလုံးအရေးမှားလျှင်စာလုံး၂လုံးထပ်ပြီးမရေးရပါ။ ခြစ်ချပြီးအသစ်ပြန်ရေးပါ။ )

( တစ်ပုဒ် ၃၅ မိနစ်သတ်မှတ်ပြီးအချိန်ကိုက်ဖြေဆိုပါ )

  • Exam Hall သို့ အနည်းဆုံး တစ်နာရီကြိုတင်ရောက်နှင့်အောင်သွားပါ။ ဖြေဆိုရမည့်အချိန်ထက် နာရီဝက်စောပြီးဝင်ရမည်ဖြစ်ပါသည်။

 

  • တစုံတခုမေ့ကျန်ခဲ့လျှင်ကိုယ်တိုင်ပြန်မယူသင့်ပါ။ အိမ်ရှိတယောက်ယောက်ကိုဖုန်းဆက်ပြီးလာပို့ခိုင်းပါ။ အကောင်းဆုံးဖြေဆိုနိုင်စေရန် စိတ်ကိုအအေးဆုံးအငြိမ်ဆုံးထားပြီး သက်သာစွာနေပါ။

 

  • မိမိရည်မှန်းချက်ပြည့်စေရန် ပုစ္ဆာအားလုံးကိုကြိုးစားဖြေဆိုပါ။ မချန်ထားပါနှင့်။ တွက်စာ နှင့် မှတ်ချက် မေးခွန်းအားလုံးကိုကြိုးစားဖြေဆိုပါ။ ထိုင်တွေးနေဖို့အချိန်မရှိပါ။

 

  • Level 3 ဖြေဆိုသူများသည် တရက်ဖြေဆိုပြီးပြန်လာသည့်အခါနောက်တနေ့ဖြေရမည့်ဘာသာအတွက် ကြိုးစားပြင်ဆင်ပါ။ ဖြေဆိုခဲ့သည့်ဘာသာမှအခက်အခဲကိုပြန်တွေးပူပန်အားမရခြင်းမျိုးသည်နောက်တနေ့ဖြေဆိုမည့်ဘာသာအတွက် ကြီးမားသောအနှောင့်အယှက်ဖြစ်ပါသည်။

 

  • International Qualification Exam ဖြစ်သောကြောင့် မိမိအတွေးအခေါ်အတတ်ပညာများသည် တကမ္ဘာလုံးအတိုင်းအတာဖြင့်စစ်ဆေးဖြေဆိုနေသည်ကိုသတိပြုပါ။ ထို့ကြောင့်လွယ်ကူလွန်းမည်မဟုတ်မှာတော့အမှန်ဆိုတာကိုသိနားလည်ထားရပါမည်။ အတိုင်းအတာတခုအထိတော့အခက်အခဲရှိနိုင်သည်။ ဘယ်လိုဖြေရှင်းကျော်လွှားမည်လဲဆိုတာကိုစစ်ဆေးခြင်းဖြစ်ပါသည်။ မရနိုင်သည့်ကိစ္စမဟုတ်ပါ။ မဖြစ်နိုင်သည့်အခက်အခဲမဟုတ်ပါ။ ကြိုးစားလျှင်ရနိုင်ပါသည်။

ဖြေဆိုမည့်သူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့မေးခွန်းတိုင်းကိုအကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်ကြပါစေ။

HOME SWEET HOME

www.lccihomesweethome.com

Subscribe To Our Newsletter

Join our mailing list to receive the latest news and updates from HOME SWEET HOME.

 

Start Accountancy Online Learning at www.hshonlineschool.com

You have Successfully Subscribed!

Pin It on Pinterest

Share This
UA-54273196-1