Online Learning ဘယ်လိုလုပ်ကြမလဲ

WHY Online Learning
သင်ယူတတ်မြောက်ချင်စိတ်ရှိပြီးအလုပ်တွေတပုံတပင်နဲ့ အချိန်မပေးနိုင် မအားလပ်တော့တဲ့အခါမျိုးမှာ အခုစာဖတ်သူလည်း Online Learning လုပ်ဖို့စဉ်းစားလာပါလိမ့်မယ်။ အဆင်သင့်ဖြစ်နေအောင် Guide Line ထုတ်ပေးလိုက်ပါတယ်။
တယောက်ယောက်ကဘေးကနေ Command ပေးနေလို့လုပ်တာမျိုးမဟုတ်ပဲ ဘယ်အချိန်ဘာလုပ်မယ် ဘယ်နေ့ဘယ်အထိပြီးအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကိုယ်စီရှိတဲ့သူတွေဖြစ်လေ့ရှိပါတယ်။
1. စိတ်အားထက်သန်မှု
တတ်မြောက်လိုစိတ်ရှိပြီးမိမိကိုယ်ကိုကိုယ်တိုင်ဦးဆောင်နိုင်တဲ့သူ စည်းကမ်းတကျလုပ်တတ်တဲ့သူပင်ကိုယ်အရည်အချင်းနဲ့မိကိုယ်ကိုယ်ယုံကြည်မှုတို့အဓိကပါ။စိတ်အားထက်သန်ပြီး လေ့လာအားကောင်းတဲ့သူတွေဟာ Internet ပေါ်ကနေရှာဖွေပြီးသိလိုတာတတ်မြောက်လိုတာတွေကို ရှာဖွေလေ့လာသင်ယူတတ်မြောက်လေ့ ရှိကြပါတယ်။

2. ရည်မှန်းချက်ကိုယ်စီရှိနေခြင်း
Online Learning လုပ်တဲ့အခါမှာ အနည်းနဲ့အများတော့ဝန်ရှိတတ်ပါတယ်။ မိမိနေ့စဉ်လုပ်ငန်းဆောင်တာတွေဘယ်လောက်အတိုင်းအတာရှိတယ်၊ အချိန်ဘယ်လောက်ပေးနိုင်မယ်၊ လေ့လာသင်ယူမှုအတွက်အချိန်ဘယ်လောက် ပေးရမယ်၊ ပြန်လေ့ကျင့်ဖို့ အချိန်ဘယ်လောက်လိုတယ် စသည်ဖြင့်စဉ်းစားပြီး ရည်မှန်းချက်တွေလည်းချမှတ်တတ်ကြပါတယ်။ မိမိကိုယ်ကိုယ် စည်းစနစ်တကျ Guide Line ပေးတတ်ကြပါတယ်။
3. နေ့စဉ်တာဝန်တခုဖြစ်ခြင်း
ဘယ်အချိန်မှာအာရုံပိုရတဲ့သူလဲဆိုတာသိဖို့လိုပါတယ်။ တချို့ကမနက်စောစောထပြီးလေ့လာတတ်ကြပေမယ့် ဆိတ်ငြိမ်မှုကို နှစ်သက်တဲ့သူဆိုရင်တော့ ညဘက်တိတ်ဆိတ်ချိန်မှာ လေ့လာရတာ ပိုနှစ်သက်ပါလိမ့်မယ်။ နေ့စဉ်လေ့လာမှုအတွက်အချိန်လေးတစ်ခုတော့ပေးတတ်ကြစမြဲပါ။ လေ့လာမှုလုပ်တဲ့အခါမှာလည်းပေါ့ပေါ့ပါးပါး စားရင်းနားရင်း ဖတ်လိုက် ထိုင်တွေးလိုက် ပြန်ဖတ်လိုက်နဲ့ ပေါ့ပါးစွာလုပ်ကိုင်တတ်ကြပါတယ်။ ပိုပြီးရှင်းရှင်းလင်းလင်းသဘောပေါက်နားလည်တွေးမြင်တတ်စေလာတဲ့ Technique တစ်ခုပါပဲ။

4. ဘယ်လိုလေ့လာမလဲသိနားလည်ခြင်း
သင်ကြားပို့ချပေးထားသည်များကိုလေ့ကျင့်ပါ။ ဖတ်စာအုပ်များမှစာများကိုလည်းဖတ်ရှုရပါမယ်။ Online Learning ပို့ချပေးသူထံမှအထောက်အပံ့ကိုအဓိကရယူပါ။ သင်တန်းသားချင်း ( သို့ ) ပတ်ဝန်းကျင်တွင် အခြားသူများနှင့်လည်း ဆွေးနွေးမှုအပြန်အလှန်လုပ်ပါ။
သင်ခန်းစာနှင့်လေ့ကျင့်မှုများကိုကျနစွာနားလည်အောင်လက်တွေ့သဘောနှင့်ဆက်စပ်တွေးကြည့်ပါ။
Test များကိုလည်းသတ်မှတ်ထားသည့်အချိန်အတိုင်းဖြေဆိုပါ။
သင်ခန်းစာတစ်ခုချင်းအတွက် ကာလသတ်မှတ်ချက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်းမပြီးစီးခဲ့ပါက သင်တန်းသို့ဆက်သွယ်ပြီး ကာလတိုးမြှင့်ပေးဖို့ တောင်းဆိုကြည့်ပါ။
5. မိမိကိုယ်ကိုချီးမြှင့်တတ်ပါစေ
သင်ခန်းစာတဝက်ပြီးမြောက်ချိန် အပြည့်အဝပြီးမြောက်ချိန် Test များအောင်မြင်မှုရပြီးချိန် စသည်တို့တွင် မိမိကိုယ်မိမိ သင့်တော်သည့် Reward တစ်ခုတော့ချီးမြှင့်သင့်ပါတယ်။ မိမိကြိုက်နှစ်သက်သည့် အစားအသောက် အဝတ်အထည် အသုံးအဆောင်တခုခုကို ဘယ်လောက်အတိုင်းအတာ ပြီးမြောက်ရင် ဆိုတဲ့ရည်ရွယ်ချက်ထားပါ။ မိမိကိုယ်ကိုဂုဏ်ပြုခြင်းဖြင့် ပိုမိုအားတက်လာစေပြီး Self-Motivation ပေးရာရောက်ပါသည်။

ပေါ့သေးသေးအရည်အချင်းတော့မဟုတ်ပါဘူး။ Online Learning လေ့လာတတ်သူတွေဟာ မိမိအလုပ်ကိုကြံဆဖန်တီးနိုင်ပြီး အကောင်းဆုံး အသပ်ရပ်ဆုံးဖြစ်အောင် လုပ်တတ်တဲ့သူတွေအနေနဲ့တွေ့ရတတ်တာပါ။ အဲဒီအရည်အချင်းတွေကပဲ Online Learning Qualification ရှိတဲ့သူတွေကို အလုပ်ရှင်တွေက မျက်စိကျအားထားတဲ့ အချက်တစ်ခုဖြစ်လာပါတယ်။
Self Confidence ကောင်းတဲ့အတွက် သူများထက်သာလွန်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေရှိနေတာတော့အမှန်ပါပဲ။
လေးစားစွာဖြင့်
HOME SWEET HOME
www.hshonlineschool.com
[email protected]
09796937933
Recent Comments